April 16th, 2008 by တောင်ပေါ်သား Tags: စိတ်ခံစားချက်များ
| Category in All | No Comments »
စင်ကာပူဆိုတဲ့နာမည်ကိုဘယ်သူတွေစပေးလိုက်တယ်ဆိုတာတော့ကျွန်တော်လည်း အသေအချာမသိပါဘူး။ဒါပေမဲ့ကျွန်တော်တို့မြန်မာတွေပေးတဲ့နာမည်လေးကိုတော့ တော်တော်သဘောကျမိတယ်… ကြည့်ပါဦှးဗျာ.. စင်ကာပူကနေ ဆင့်ကာပူ တဲ့. တစ်ကယ်လည်း ဒီမှာအလုပ်လာလုပ်တဲ့လူတိုင်းရဲ့ရင်ထဲမှာပူလောင်မူ၊စိုးရိမ်မူတွေ အပြည့်နဲ့ပါ။
ပထမဆုံးစင်ကာပူလေဆိပ်ကိုဆိုက်တာနဲ့ ကိုယ့် Stay အတွက် ဘယ်လောက်ရမလဲ စိတ်ပူရတယ်… Stay လေအဆင်ပြေတော့ Work အတွက်စိတ်ပူရတယ်။ ကိုယ်ရတဲ့ Stay အတွင်းမှာ မရရင်လည်းမြန်မာအခေါ် တိုင်ပတ်ရပြန်တယ်။ တိုင်ပတ်တယ်ဆိုတာကတော့ စင်ကာပူကနေအထွက်ပြပြီး မလေးရှား (Or) အခြားတိုင်းပြည်တစ်ခုကိုကူးသွားပြီး စင်ကာပူကိုပြန်ဝင်လာတာကိုပြောတာပါ။ အဲဒီမှာလည်း ဥပမာ မလေးသွားပြီးဆိုပါစို့ မလေးမှာလည်းစင်ကာပူVisa အတွက်ကြိုးစားရသေး တယ်။ သိတဲ့အတိုင်းကျွန်နော်တို့ မြန်မာ က အဆင့်မီတော့ သွားလည်တဲ့နိုင်ငံတိုင်းမှာ မသွားခင် Visa လုပ်ရတယ်လေ… တိုင်ပတ်ပြီးပြန်ဝင်ရင်လည်း Stay အတွက်တစ်ခါစိတ်ပူရသေးတယ်။ ပြီးရင်တော့ Work အတွက်ပေါ့လေ။ Work လေရလို့ စိတ်အေးမယ်မထင်ပါနဲ့… Pass အတွက်စိတ်ပူ ရသေးတယ်. တစ်ချို့ဆို Pass ရရင်တောင် Company က Black List ထဲပါသွားလို့ Pass ကို ပြန်အပ်လိုက်ရတာရှိပါသေးတယ်.. သူတစ်ပါးတိုင်းပြည်မှာအလုပ်လာလုပ်ရတဲ့လူ တွေ ရဲ့ ဘ၀အစပေါ့ဗျာ…အလုပ်လေးရတော့လည်းစိတ်ကလေးချမ်းသာစရာပေါ့ဗျာ… ဒါပေမဲ့ တစ်ကယ်အလုပ်ရတော့လဲအလုပ်ကစိတ်ဖိစီးမူတွေပါအိမ်ကိုပါလာတာပါပဲ… ပထမ တစ်လလောက်ကတော့ဒီမှာရှိတဲ့ နည်းပညာနဲ့လိုက်လျောညီထွေမူရှိအောင် မနည်း ကြိုးစားရတယ်..ကျွန်တော်သူငယ်ချင်းကောင်မလေးတစ်ယောက်ကတော့ကျွန်တော်ကိုပြောပြဘူးတယ်။သူအလုပ်စဆင်းတဲ့နေ့ကအပြန်မှာ ဘတ်စ်ကားမှတ်တိုင်(၁) မှတ်တိုင်အလိုမှာ ဆင်းပြီးအိမ်ကိုလမ်းလျှောက်ပြီးတလမ်းလုံးငိုတာတဲ့. အစကတော့ ကျွန်တော်မယုံဘူး.. ဒါပေမဲ့ကိုယ်တိုင်ကြုံရတော့မှယုံတော့တယ်ဗျာ……..
အိမ်ခန်းလေးအကြောင်းလည်းပြောပြအုံးမယ်နော်……..အခန်းလေးကတော့ဗျာကျွန်တော်တို့ မြန်မာအကျဉ်းထောင်လေးကျနေတာပဲ.. ကျဉ်းလိုက်တာမှလွန်လိုက်တာဗျာ… အကျဉ်းထောင် ဆိုလို့ကျွန်တော်ကိုအထင်မကြီးကြနဲ့နော်… ကျွန်တော်လည်းတကယ်မရောက်ဘူးပါဘူးဗျာ… စာစောင်တွေထဲမှာပဲဖတ်ဖူးတာပါ…အိမ်ခန်းငှါးခကလည်း ကျွန်တော်တို့ရှာလို့ရသမျှ သူတို့ကို ကျွေးနေတာကျနေတာပဲ….ဒါပေမဲ့သူတို့လေးတွေရှိတာကတော့ကျွန်တော့တို့ ကျေးဇူးရှင်လေး တွေကျနေတာပါပဲ..တစ်ကယ်ကိုကျေးဇူးတင်ပါတယ်..ထမင်း၊ဟင်း မချက်ရ.ရေဖိုးကတစ်ဝက်
ဒီမှာကြုံနေရတဲ့ကျွန်တော်တို့ဘ၀အကြောင်းလေးရေးထားတဲ့ကဗျာလေးတစ်ပုဒ်ကို ထည့်ပေးလိုက်ပါတယ်..
ဖဲမွေ့ ယာပါးပါးနဲ့ 
ပန်းဝတ်လွှာနုနု…..
ငွေဝတ်မှုန်ဖွေးဖွေးနဲ့ 
ရွှေပါးပြင်ဥဥ
ရွှေဝတ်ရုံခြုံစဲပြဲရယ်နဲ့ 
မလုံပဲခြုံ ရင်မှာမနွေးပါဘူး..
ရွှေပိုးဝင် ဘ၀င်မှာ ရဲပြန်တော့…
ယားလှတယ်လေ..
ပြတင်းရယ် မလုံ..
အတင်းရယ် မခြုံပြန်တော့
လေအတိုးမှာ ညော်နံရယ်နဲ့ 
ပျံ့ လို့ ခေါင်းအုံး..
ခေါင်းရင်းဘက် ကားပါးကင်
နားဝင်အောင် မထား….
ကျွတ်ကျွတ်ညံညံငွေ Malay ရယ်နဲ့ 
ပွတ်ပွတ်ဆူကို စင်ကာပူတို့ က
ကြမ်းလှတယ်လေး….
ညဘက်ကျ ချိန်မတော်
မအိပ် ပြန်ကာအော်
အိမ်ပိုင်ရှင် ရွှေသူဌေးရယ်တွေကြောင့်
လူ ငနုံကိုယ်တို့  ငပျင်းတွေ
သေလုပေါ့လေ…
ဒီလောကစိတ်ကုန်ပြီ
မလာချင်လည်း မလာနဲ့
အမှောင်တွင်း ဒီကမ္ဘာ
အလင်းပင်ချွေတာ
ကြာလာလျှင် မခံနိုင်လွန်တာမို့
ရင်ထုကာ အော်ငိုချင်ရှာတော့…
ငိုသံမှာ အတော်ဆန်းတာမို့
>မြန်မာဆိုမမြင် ယောင်ဆောင်ပါမယ့်…
တို့ရွှေနိုင်ငံသား…….
April 15th, 2008 by တောင်ပေါ်သား Tags: ကျနော်မြို့လေး
| Category in All | 2 Comments »

တစ်ကယ်တော့ကျွန်တော်ကိုမွေးဖွားလာတဲ့နေရာလေးကတော်တော်ကိုနေချင်စရာလေးပါဗျာ.
ကျွန်တော် မွေးဖွားခဲ့ရာ ဇာတိမြေကတော့ ရှမ်းပြည်နယ်က တောင်ကြီးဆိုတဲ့မြို့လေးမှာပါ။ ကျွန်တော်က အဲဒီမြို့လေးကိုလည်း ချစ်တယ်၊ အဲဒီမြို့လေးမှာနေရတာပျော်တယ်..
ကျွန်တော်တို့အိမ်က ရိုးရိုး သာမန်ရပ်ကွက်ထဲမှာ ရှိပါတယ်။ကျွန်တော်တို့မြို့လေးမှာလူတိုင်းနီး
ပါးကရိုးသားပွင့်လင်းကြပါတယ်..တစ်ကယ်တမ်းလည်းပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုအိမ်လေး ပိုင်ဆိုင်ဖို့အတွက်အိမ်တစ်အိမ်မှာစည်းလုံးညီညွတ်မှုနဲ့တစ်ယောက်ကိုတစ်ယောက် ချစ်ခင်၊ သည်းခံဖို့က မရှိမဖြစ်ပဲလိုအပ်သလို ပတ်ဝန်းကျင်ကလည်းအရေးပါ တယ်လို့ကျွန်တော်ထင်ပါတယ်။ ပြောရရင်တော့ လူတစ်ယောက်နဲ့တစ်ယောက်ခင်မင်မူ၊ သံယောဇဉ်ရှိမူ။မေတ္တာတရားက အရေးကြီးဆုံးပေါ့၊အဲဒီလို လိုအင်တွေနဲ့ပြည့်စုံနေတဲ့ ကျွန်တော်တို့မြို့လေးးကိုအရမ်းချစ်မိပါတယ်။ တစ်ကယ်ဆို ကျွန်တော်တို့ မြို့လေးဟာအရမ်းအေးချမ်းတယ်။ ကျွန်တော်တို့ငယ်စဉ်ကဆိုရင် တစ်နှစ်ပတ်လုံး အေးချမ်းနေတာပဲ။ နွေရာသီဆိုရင်လည်းအရမ်းနေလို့ကောင်းလို့ အောက်ပြည်ကလူတွေအမြဲလာလည်ကြပါတယ်။ အရှေ့ဘက်ဆီကနေမင်းကြီးမထွက်လာခင်အုပ်ဆိုင်းနေတဲ့မြူနှင်းတွေကြားမှာ ဘ၀အတွက် ရုန်းကန်လှုပ်ရှားနေတဲ့တောင်ပေါ်သူ၊တောင်ပေါ်သားတွေရဲ့အလှကလည်း တစ်မျိုးချစ်စရာပါ… အားလုံးဟာလူမချမ်းသာပေမဲ့ စိတ်ကတော့ချမ်းသာကြပါတယ်။ အားလုံးရဲ့ မျက်နှာကိုကြည့်လိုက်ရင် ဟန်ဆောင်မူကင်းတဲ့အပြုံးလေးတွေကိုမြင်ရမှာပါ.. မြို့လေးရဲ့ဘေး ပတ်ပတ်လည်မှာလဲမြင့်မားတဲ့ တောင်တန်းတွေနဲ့ကာရံထားပါတယ်။အရှေ့ဘက်ဆီမှာကတော့ ကျွန်တော်တို့မြို့လေးရဲ့နာမည်ကြီးတွေထဲက တစ်ခုဖြစ်တဲ့တောင်ချွန်းဆိုတဲ့တောင်အမြင့်တစ်ခု ရှိပါတယ်။ကျွန်တော်တို့ကျောင်းသားဘ၀ သူငယ်ချင်းတွေနဲ့ပျော်ပွဲစားထွက်တိုင်းအဲဒီ တောင်ချွန်းကိုသွားကြပါတယ်။လူဆိုတာကိုယ်ရည်မှန်းတဲ့ ပန်းတိုင်မရောက် ရောက်အောင်သွားရတယ်ဆိုတာ တောင်ချွန်းဆိုတဲ့တောင်လေးက ကျွန်တော်တို့တောင်ပေါ်သာ်းတွေကို သင်ခန်းစာပေးတဲ့နေရာလေးတစ်ခုပါ။ မိုးရာသီမှာ တောင်ပေါ်တက်ရတာလောက်ပျော်ရွင်စရာမရှိပါဘူး… တောင်ထိပ်ကိုရောက်တော့ အေးမြလတ်ဆတ်တဲ့ လေအထိကြောင့်မောပန်းလာသမျှအားလုံးပျောက်သွားကြစမြဲပါ… ကျွန်တော်တို့မြို့လေးရဲ့အရှေ့ဘက်ဆီမှာ ပတ္တမြားဂူလို့ခေါ်တဲ့သဘာဝထုံးကျောက်တောင် တစ်ခုရှိပါသေးတယ်။ အဲဒီဂူကတော့ ထုံးကျောက်ရည်တွေ ကနေစိမ့်ပြီးစီးလာတဲ့ရေတွေဟာအောက်ခြေထိမရောက်ပဲ ကျောက်ခက်၊ကျောက်ပန်းလိုဖြစ်နေတာလေး တွေပေါ့ဗျာ… အထဲဝင်သွားရင်ကိုလူတိုင်းစိတ်လှုပ်ရှားရတဲ့နေရာတစ်ခုပေါ့ဗျာ…ဆောင်းဝင်လာပြီဆိုရင် တောင်တစ်ခုလုံးဟာလည်း ချယ်ရီပန်းတွေနဲ့လှပတဲ့ပန်းခင်းကြီးတစ်ခုကြနေတာပါပဲ… ကျွန်တော်တို့တောင်ပေါ်သူ၊တောင်ပေါ်သားတွေကတော့ ချယ်ရီပန်းကိုအရမ်းမြတ်နိုးကြတယ်.
ချယ်ရီတွေပွင့်လန်းလာပြီဆိုရင်ခူးပြီးတော့ကိုယ်ရဲ့ ဆရာ၊မိဘတွေကိုပေးကြတယ်.. ကိုယ်မြတ်နိုးတဲ့ကောင်မလေးလည်းပါတာပေါ့ဗျာ.. ဆောင်းအကုန် နွေဦးအစ ညနေစောင်းတွေမှာ လေတိုက်ရင်း သဘာဝအလျောက် သစ်ပင်တွေ ပွတ်တိုက်ရာက ဖြစ်ပေါ်လာတဲ့ တောမီးဟာလည်း တောင်တန်းကြီးတလျှောက် ပုံစံမျိုးစုံနဲ့ လှပနေတဲ့ တောမီးတန်းကြီးဟာ တမျိုးတဖုံ ကြည့်လို့ကောင်းပါတယ်။
ကျွန်တော်တို့တောင်ပေါ်မြီု့လေးရဲ့ပျော်ရွင်စရာအကောင်းဆုံး၊လူတိုင်းရဲ့ရင်ထဲမှာစိတ်အလှုပ်
ရှားဆုံးပွဲတော်တစ်ခုရှိသေးတယ်ဗျ.. အဲဒါကတော့တန်ဆောင်တိုင်ပွဲတော်ပါပဲ..ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ကျွန်တော်တို့မြို့လေးမှာကတန်ဆောင်တိုင်ပွဲတော်ကို သူများမြို့ များနဲ့မတူ ထူးထူးရှားရှားလုပ်လေ့ရှိပါတယ်။ ဒီစာကိုဖတ်တဲ့လူတိုင်းကြားဖူးမယ်လို့ထင်ပါတယ်. တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပွဲတော်ကြီးပါ။ ကျွန်တော်တို့မြို့လေးရဲ့ရိုးရာပွဲလေးပေါ့ဗျာ.. သီတင်းကျွတ်ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့လူငယ်တွေအခြားဘာမှစိတ်ဝင်စားမူမရှိတော့ပါ ဘူး..တန်ဆောင်တိုင်မီးပုံပျံပွဲအတွက်တာစူနေကြပြီလေ… ကျောင်းတွေမှာလည်းကျောင်းသွား တဲ့သူမရှိ..အလုပ်တွေမှာလဲ အလုပ်သမားတွေမရှိနဲ့ အတော်ကိုပျော်စရာကောင်းတဲ့ ရိုးရာပွဲ တစ်ခုလေးတစ်ခုပါ…အားလုံးရဲ့ရင်ထဲမှာ သိသိမသိသိအားလုံးဟာညီအစ်ကိုမောင်နှမစိတ်နဲ့ ၀ိုင်းဝန်းပြီးပွဲတော်ဖြစ်မြောက်အောင်လုပ်ဆောင်ကြပါတယ်။ လူငယ်တွေဟာလည်းကိုယ်စီ အဖွဲ့ကိုယ်စီနဲ့ အလှမီးပုံပျံတွေလုပ်ဆောင်ကြပါတယ်။ လူကြီးပိုင်းတွေကတော့ ကျွန်တော်တို့ အခေါ်မီးကျည်လို့ခေါ်တဲ့ မီးရှုးမီးပန်းတွေနဲ့ မီးပုံးပျံကိုလုပ်ဆောင်ကြပါတယ်..နောက်တစ်ခုရှိ သေးတယ်ဗျ.. စိန်နားပန်လို့ခေါ်တယ်အလှမီးပုံပျံပါပဲ…. သူကတော့စီးပွါးရေးလုပ်ငန်းရှင်တွေ အကြိုက်ပေါ့ဗျာ.သူတို့ရဲ့ကြော်ငြာလေးတွေကို မီးပုံပျံရဲ့ပတ်ပတ်လည်မှာချိတ်ပြီးလွတ်တင်ရတဲ့ အမျိုးအစားပေါ့ဗျာ…ဒါပေမဲ့ကျွန်တော်တို့တောင်ပေါ်သားအများစုကတော့ မီးကျည်လို့ခေါ်တဲ့ အမျိုးအစားကိုပိုသဘောကျကြတယ်။သူကစိတ်ဝင်စားစရာအရမ်းကောင်းသလို အန္တရယ် လည်းအရမ်းများတယ်။အခုဆိုကျွန်တော်တို့ရဲ့ရိုးရာပွဲလေးကိုပြန်မရောက်ဖြစ်တာအတော့်ကို ကြာနေပါပြီဗျာ.. ဒါကြောင့်မို့ဒီလို ရေးလိုက်ရတာပါ…
December 17th, 2005 by တောင်ပေါ်သား Tags: Software များ
| Category in All | 1 Comment »
ဒီ Dictionary လေးက အလုပ်မှာပဲ ဖြစ်ဖြစ်၊ ပညာသင်နေတဲ့လူတွေအတွက်ပဲ ဖြစ်ဖြစ် တော်တော်လေး အသုံးဝင်ပါတယ်။
RapidShare Link – Download Link
Mediafire link – Download Link
ဘာလိုလိုနဲ့ ဒီကွန်ပျူတာ လောကထဲမှာ စမ်းတ၀ါးဝါးနဲ့ အလုပ်လုပ်နေတာလဲ နှစ်ပေါင်းမနဲတော့ပါဘူး။ ခုတော့ ဘာရယ်မဟုတ် ကိုယ်သိထားတဲ့ ပညာရပ်လေးတွေ လိုအပ်သူများကို မျှဝေပေးချင်ပါတယ်။ တကယ်တော့ ကျနော်ဒါတွေကို ဖြန့်ဝေပေးတာ သိလိုလဲ မဟုတ်ပါ။ ဖြန့်ဝေပေးမဲ့ Software တွေကိုလဲ ကျနော် သုံးဖူးချင်မှ သုံးဖူးပါလိမ့်မယ်။ တချို့ Software တွေက အကောင်းဆုံးဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ကိုယ်ပိုင်မဟုတ်သလို နေရာဒေသ မျိုးစုံမှ ရယူထားတာတွေသာ ဖြစ်ပါသည်။ ကျနော်သည် ပညာရှင်တဦးမဟုတ်ပါ။ သင်လိုအပ်တာများကို တောင်းဆိုနိုင်ပါတယ်။ ကျနော် တတ်နိုင်သလောက် ပြန်လည် မျှဝေပေးပါ့မယ်
Recent Comments